Jump to content

ᥞᥨᥝᥴ ᥐᥨᥢᥰ

ᥘᥧᥐ ᥖᥤ ᥝᥤᥱ ᥑᥤᥱ ᥚᥤᥱ ᥖᥤᥱ ᥕᥣᥱ ᥛᥣᥰ

ᥛᥫᥒᥰ ᥖᥭᥰ ᥞᥝᥰ ᥞᥨᥝᥴ ᥘᥙ ᥐᥨᥢᥰ ᥙᥤ ᥞᥨᥛ 10490624(1901)သာရှိခဲ့ရာမှ ယခုအခါတွင် နှစ်ဆခွဲကျော် ၂၇၅၈၄ဝဝဝ (၁၉၇ဝ ပြည့်နှစ်) ရှိနေလေပြီ။ ကမ္ဘာ၏လူဦးရေမှာလည်း ၁၈ဝဝ ပြည့်နှစ်၌ သန်းပေါင်း ၇ဝဝ မျှရှိနေရာမှ ယခုအခါ သန်းပေါင်း ၂.၄၃ ထောင် (၁၉၆၇ ခုနှစ်)အထိ တိုးတက်လာလေရာ ယခုလည်း တဖြည်းဖြည်း တိုးတက်၍လာရန်ရှိသဖြင့် ခရစ် ၂ဝဝဝ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေသည် သန်းပေါင်း ၇.၄၁ ထောင် အထိ တိုးတက်လာမည်ဟု ခန့်မှန်းလေသည်။ အနောက်နိုင်ငံများတွင် လူဦးရေတိုးတက်သည့် ရာနှုန်းသည် အများဆုံးဖြစ်သော်လည်း အာရှတိုက်ရှိ လူဦးရေမှာ ကမ္ဘာပေါ်ရှိ ကျန်နိုင်ငံ အားလုံး၏ လူဦးရေနှင့် အညီအမျှခန့်ပင် ရှိလေသည်။ ၁၉၆၇ ခုနှစ်တွင် အာရှလူဦးရေမှာ ၁၉ဝရ သန်းဖြစ်၏။ ကမ္ဘာ့လူဦးရေ အထူထပ်ဆုံး တိုင်း ပြည်များမှာ တရုတ်နိုင်ငံ သန်းပေါင်း ၇၃ဝ (၁၉၆၈ ခုနှစ်ခန့်မှန်းခြေ)၊ အိန္ဒိယနိုင်ငံ ၅၂၄ သန်း၊ ဆိုဗီယက်ယူနီယန် ၂၃၈ သန်း၊ အမေရိကန် ပြည်ထောင်စု ၂ဝ၆ သန်းဖြစ်ရာ ယင်းသည့်လေးနိုင်ငံပေါင်း၏ လူဦးရေ သည် ကမ္ဘာ့လူဦးရေ ထက်ဝက်ခန့်ရှိ၏။ ထိုနိုင်ငံများအောက် လူဦးရေထူထပ်သော တိုင်းပြည်များမှာ အင်ဒိုနီးရှား ၁၁၃ သန်း၊ ပါကစ္စတန် ၁ဝ၉ သန်း၊ ဂျပန် ၁ဝ၁ သန်း၊ ဗရာဇီး ၈၈ သန်း၊ နိုင်ဂျီးရီးယား ၆၂ သန်း၊ အနောက်ဂျာမနီ ၅၈ သန်း၊ ဗြိတိန် ၅၅ သန်းနှင့် အီတလီ ၅၂ သန်းဖြစ်သည်။ ကမ္ဘာပေါ်ရှိ လူဦးရေ၏ ၁၄ ရာခိုင်နှုန်းသည် ဥရောပတိုက်တွင် ရှိ၏။ အမေရိကတိုက်များ၏ လူဦးရေသည် ဥရောပတိုက်၏ လူဦးရေနှင့် ညီမျှလေသည်။ သို့ရာတွင် စတုရန်းတစ်မိုင်အတွင်းရှိ ပျမ်းမျှခြင်း လူဦး ရေ၌ ဥရောပတိုက်တွင် အာရှတိုက်၏ နှစ်ဆခန့်ရှိလေသည်။ အဂ‡လန်ပြည်တွင ်မူ ကား စတုရန်းတစ်မိုင်လျှင် လူဦးရေ ၇ဝဝ ကျော်ခန့်ရှိရာ အရှေ့ဘက်နိုင်ငံ တွင် လူဦးရေ အထူထပ်ဆုံးဖြစ်သော ဂျားဗားကျွန်းမျှလောက်ပင် လူဦးရေ ထူထပ်လေသည်။ ကမ္ဘာပေါ်တွင် တစ်နေ့တခြား လူဦးရေ တိုးပွားလာသည်ဟုဆိုရာ ၌ ဤကဲ့သို့ တိုးတက်ရသည့်အကြောင်းရင်းမှာလည်း သိပ္ပံပညာရပ်များ တိုးတက်လာခြင်းကြောင့်ဖြစ်လေသည်။ ဤသို့ တိုးတက်၍လာသော သိပ္ပံ ပညာ၏ အစွမ်းအားဖြင့် လယ်ယာစိုက်ပျိုးခြင်းအတတ်၊ တိရစ္ဆာန်မွေးမြူ ခြင်း အတတ်တို့သည် ဖွံ့ဖြိုးတိုးတက်လာရာ ကမ္ဘာ၏ စားရေရိက္ခာကို တိုး တက်ကောင်းမွန်၍လာစေ၏။ ထို့ပြင် ရေနွေးငွေ့အားကို အသုံးပြုနိုင်လာ ပြန် သောအခါ လူအားသက်သက်ဖြင့် ဆောင်ရွက်ပြုလုပ်ရသော အလုပ်များ ထက် အဆပေါင်းများစွာ တိုးတက်အောင်မြင်လာပြန်လေသည်။ မီးရထား၊ မီးသဘေ‡ာတို့သည် ပြည်တွင်းပြည်ပနှင့်တကွ ကမ္ဘာပေါ်ရှိ အရပ်ရပ်သို့ စရိတ်ကုန်သက်သာစွာ သယ်ယူပို့ဆောင်ခြင်း၊ လေယာဉ်ပျံများဖြင့် ထိုထက် လျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ခြင်းဖြင့် ကမ္ဘာ့ရိက္ခာအစားအစာများကို နေရာအနှံ့အပြား၌ ဖြန့်ဖြူးဝေငှနိုင်လေသည်။ အချိန်အနည်းငယ်အတွင်း လူအမြောက်အမြားကို သေစေနိုင်သည့် ကူးစက်ပြန့်ပွားစေတတ်သော ရောဂါဆိုးကြီးများကိုလည်းး သိပ္ပံပညာ ကြီး ပွားထွန်းကားလာသည့်အလျောက် ကင်းပျောက်လျော့ပါးအောင် ဖန်တီး စွမ်း ဆောင်နိုင်ပြန်လေသည်။ လူတစ်မျိုးနှင့်တစ်မျိုးကို အကျိုးမဲ့ သတ်ဖြတ် လေ့ ရှိသော လူရိုင်းတို့၏ ဓလေ့ဆိုးမှာလည်း သိပ္ပံပညာတိုးပွားကာ ယဉ် ကျေးမှု တိုးတက်သည်နှင့်အမျှ ကွယ်ပလျော့နည်းသွားပြန်လေသည်။ ဤသို့အား ဖြင့် ယဉ်ကျေးသော နိုင်ငံကြီးများ၏ လူအသေ အပျောက်နှုန်းမှာ တဖြည်း ဖြည်း လျော့ပေါ့၍လာလေသည်။ ဆေးဘက်ဆိုင်ရာ သိပ္ပံပညာမှာလည်း များစွာ တိုး တက်၍လာပြန်ရာ ကျန်းမာရေးအခြေအနေသည် ရှေးယခင်ကထက် အဆ ပေါင်းများစွာ တိုးတက်ကောင်းမွန်လာပြန်လေသည်။ ဥရောပတိုက် အမေရိကတိုက်စသော တိုးတက်သောနိုင်ငံများတွင် အတိအကျ တွက်စစ်ယူရသော စာရင်းအရ မိန်းမကလေးထက် ယောကျာ်း ကလေးများကို ပိုမိုမွေးဖွားကြောင်းသိရ၏။ သို့ရာတွင် နို့စို့သူငယ ်ယောကျာ်း ကလေးများက မိန်းကလေးများထက် ပို၍အသေအပျောက်များ၏။ ထို့အတူ ယောကျာ်းကြီးများ၏ အသေနှုန်းမှာလည်း မိန်းမကြီးများ၏ အသေနှုန်း ထက်ပိုလေသည်။ သို့ဖြစ်၍ ယဉ်ကျေးသောနိုင်ငံများတွင် မိန်းမဦးရေက ယောကျာ်းဦးရေထက် ပိုမို၍နေခြင်းမှာ ဤအကြောင်းကြောင့်ပင်ဖြစ်လေ သည်။ အာရှတိုက်နှင့် အာဖရိကတိုက်တွင်မူကား မိန်းမများသည် ကြမ်း တမ်းစွာ နေထိုင်လုပ်ကိုင်ကြရသောကြောင့် ယောကျာ်းများထက် မိန်းမများ ၏ အသေးနှုန်းများလေသည်။ တစ်ကမ္ဘာလုံးကိုခြုံ၍ကြည့်လျှင် မိန်းမ အရေ အတွက်ထက် ယောကျာ်းအရေအတွက်က အနည်းငယ်ပို၍များကြောင်း တွေ့ ရသည်။ ဤသို့အားဖြင့် ကမ္ဘာ့လူဦးရေသည် မည်သည့်အခါမျှ ယုတ်လျော့ ခြင်းမရှိဘဲ အစဉ် တိုးတက်လျက်ရှိနေပေရာ ယခု ရာစုနှစ်အကုန်တွင် လက်တင်အမေရိကန်နိုင်ငံများ၌ ယနေ့ လူဦးရေထက် ၃.၆ ဆ၊ အာဖရိက တိုက်နှင့် အာရှတောင်ပိုင်း နိုင်ငံများတါင် ၃ ဆ၊ အာရှအရှေ့ပိုင်း နိုင်ငံ များတွင် ၂.၃ ဆ၊ မြောက်အမေရိက၊ ဆိုဗီယက်နှင့် ပင်လယ်တွင်းရှိ နိုင်ငံများ၌ ၂ ဆ၊ ဥရောပတိက်တွင် သုံးပုံတစ်ပုံ အသီးအသီးတိုးပွားလာ မည်။ တစ်ကမ္ဘာလုံးအနေဖြင့် လူဦးရေ နှစ်စဉ် ၁.၉ ရာခိုင်နှုန်းတိုးပွား ရာ၌ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လူဦးရေတိုးတက်မှုထက်ပိုသည်။ ပမာအားဖြင့် ကူဝိတ် နိုင်ငံကလေးတွင် လူဦးရေ တိုးနှုန်းသည် ၁ဝ.၇ ရာခိုင်နှုန်းဖြစ်၍ ဥရောပ တိုက် လူဦးရေတိုးနှုန်းသည် ဝ.၉ ရာခိုင်နှုန်းဖြစ်သည်။ ကမ္ဘာပေါ်တွင် လူဦးရေအထူထပ်ဆုံးမြို့မှာ တိုကျိုမြို့ဖြစ်၏။ လူ ဦးရေ ကိုးသန်းရှိသည်။ ဒုတိယလူဦးရေ အထူထပ်ဆုံးမြို့မှာ လူဦးရေ ရှစ်သန်းရှိ နယူးယော့မြို့ဖြစ်၍ တတိယလူဦးရေအထူထပ်ဆုံးမြို့မှာ လူဦးရေ ခုနစ်သန်းရှိ ရှန်ဟိုင်းမြို့ဖြစ်သည်ဟု ဆိုလေသည်။[1]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)